၃၁ ဇူလိုင်
မစ္စစ္စပီ ပြည်နယ် ဆော့အဗန် တွင် ယမန်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦး သေဆုံးပြီး ရဲအရာရှိ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့ပြောကြားချက်အရ သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ထိုစတိုးဆိုင် ဝန်ထမ်းဟု ယူဆရသူ နှစ်ဦး သေဆုံးခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ထိုရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဆော့အဗန် မြို့တော်ဝန် မူစယ်ဝှိုက် က ထိုအကြမ်းဖက်လုပ်ရပ်နှင့်ပတ်သက်ပြီး အလွန်ဒေါသထွက်ပြီး စိတ်မကောင်းဖြစ်ကြောင်း တွစ်တာစာမျက်နှာပေါ်တွင် ရေးသားခဲ့ပြီး ထိုပစ်ခတ်မှုကြောင့် သေဆုံးသူများ၏ မိသားစုများနှင့် မိတ်ဆွေများအား ဝမ်းနည်းကြောင်း စာလွှာပေးပို့ခဲ့သည်။
၎င်းပစ်ခတ်မှု သံသယရှိသူမှာ ဈေးဝယ်စင်တာပိုင်ရှင်ကို မကျေနပ်သည့် အလုပ်သမားတစ်ဦး ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို