နေပြည်တော် ၃၁ ဇူလိုင်

 


ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် သန္ဓီအုပ်ချုပ်စီမံမှုအဖွဲ့၏ ဒါရိုက်တာဦးခိုင်ဝင်းအား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိအခြေခံအဆောက်အဉီ လိုအပ်ချက်များကိုဖြေရှင်းရန် အခြေခံအဆောက်အဉီ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရ - ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု  နည်းလမ်းများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 


သတင်းစဉ်