ဓနုဖြူ  ၃၁ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကမ်းငူကြီးကျေးရွာအုပ်စု၊ ရွှေဇင်ကျွန်းကျေးရွာရှိ မြစ်ကမ်ပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းနေအိမ် ၃၇ လုံးရှိ မိသားစုဝင်များအား ယနေ့ နံနက် ၁၁ နာရီခွဲက ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ 

 

အဆိုပါ ပြောင်းရွှေ့နေအိမ် ၃၇ လုံးရှိ မိသားစုဝင်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင် ၂၉ ရက်က ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း ဖျက်သိမ်းနေအိမ် (၃၇)လုံးရှိ အိမ်ထောင်စု (၃၇)စုမှ လူဦးရေ (၁၄၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၃၇၀ဝဝဝဝ၊ ဆန်ရိက္ခာ ခုနစ်ရက်စာ ရန်ပုံငွေ ကျပ် ၃၀ဝ၃၀ဝ စုစုပေါင်းရန်ပုံငွေ ၄၀ဝ၀၃၀ဝ အား ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်တွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်သူဟိဏ်း(ဓနုဖြူ)