ဝမ်းတွင်း ၃၁ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် အနောက်လက်ကျေးရွာများရှိ တောင်သူများ မိုးရွာသွန်းမှုမရှိသဖြင့် လယ်စိုက်ပျိုးရန် အခက်တွေ့နေကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် နတ်နန်းကျေးရွာမှ တောင်သူဦးမောင်စိုးက “ဒီနှစ် စပါးစိုက်ရာသီချိန်မှာ မိုးရွာသွန်းမှု မရှိသည့်အတွက် တောင်သူအနေနဲ့ စပါးအပြင် အခြားသီးနှံတွေမစိုက်ပျိုးရဘူး၊ ဧပြီလကနေ ဇူလိုင်လအထိက မိုးကမရွာတော့ တောင်သူအနေနဲ့ ဒုက္ခတော့တွေ့တာပေါ့၊ မိုးကခေါင်၊ တောင်သူလုပ်ငန်းတွေကမဖြစ်၊ စပါးကလဲ အမစိုက်ရ၊ လူစာကော နွားစာပါအခက်ခဲတော့ဖြစ်နေပြီ။ ဒီဘက်ဒေသ ကျေးရွာအများစုမှာ ဆည်တွေမရှိဘူး၊ မိုးကိုမျှော်ပြီး တောင်သူလုပ်ကိုင်နေရတဲ့ မိုးကောင်းသောက်ဒေသတွေပါ၊ အခုလိုမိုးရွာသွန်းမှုမရှိတော့ ကန်ကြီးတွေရေမဝင်ဘူး၊ ရွာမှာကန်ကြီး (၅)ကန်ရှိပေမဲ့ မိုးကခေါင်ပြီး ကန်တွေထဲရေမဝင်တော့ မိုးစပါးစိုက်ပျိုးဖို့ ပိုမိုခက်ခဲတာပေါ့ဟု ပြောသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ နတ်နန်းကျေးရွာတွင် လယ်စိုက်ပျိုးဧက (၄၀ဝ)ကျော်ရှိပြီး အများစုက မနောသုခ၊   ရွှေသွယ်ရင်မျိုးတွေ စိုက်ပျိုးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)