နေပြည်တော် ၃၁ ဇူလိုင်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်အရ ဇူလိုင် ၂၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း၌ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ပလွေးကြိုးဝိုင်းအကွက် (၉၇)အတွင်း၌ တရားမဝင်တောင် ပိန္နဲနှင့်သံသေခွဲသား ၁၁ ဒသမ ၈၅၃၆ တန်၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပုသိမ်-မုံရွာလမ်း သနီချောင်းဘေးနေရာတစ်ဝိုက်၌ တရားမဝင် ကျွန်းနှင့်ပိတောက်ခွဲသား ၅၀ ဒသမ ၅၄၉၄ တန်၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ခပေါင်းကြိုးဝိုင်းအကွက် (၆၁)နှင့် ဖြူးကွန်းကြိုးဝိုင်းအကွက်(၄၈)တို့ အတွင်း၌ တရားမဝင်ကျွန်း ၉ ဒသမ ၄၆၆၄ တန်တို့ကို ဖမ်းဆီးရမိခဲ့ကာ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမျိုး


