နေပြည်တော် ၃၁ ဇူလိုင်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ငွေရေးကြေးရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများ၊ နိုင်ငံခြားဘဏ်ခွဲများ ဖွင့်လှစ်ဆောင်ရွက်မှု၊ နယ်စပ်ကုန်သွယ်ရေးများ၌ နှစ်နိုင်ငံပြည်တွင်းသုံး ငွေကြေးများကို တရားဝင်ဘဏ်လမ်းကြောင်းမှတစ်ဆင့် ငွေပေးချေစာရင်းရှင်းလင်း ဆောင်ရွက်နိုင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုများဖြင့် ငွေပေးချေးမှုများဆောင်ရွက်နိုင်ရေး တို့ကိုဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


