နေပြည်တော် ၃၁ ဇူလိုင် 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ဆားဗီးယား သမ္မတနိုင်ငံသံအမတ်ကြီး Mr. Miodrag Nikolin အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆားဗီးယား-မြန်မာ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပြည်သူအချင်းချင်းချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ဆားဗီးယားသမ္မတနိုင်ငံ ဘဲလ်ဂရိတ်မြို့၌ ကျင်းပပြုလုပ်မည့် (၁၄၁)ကြိမ်မြောက် Inter-Parliamentary Union (IPU) အစည်းအဝေးတက်ရောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်