မိုင်းယန်း သြဂုတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်၌ မိုးရာသီတွင် အဖြစ်များသော ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၃၁ ည ၇ နာရီအချိန်က ဈေးတန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဇော်လင်းထက်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးအောင်အောင်ကျော်က ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်၊ ရာသီတုပ်ကွေးဖြစ်ပွားပုံနှင့်ရောဂါလက္ခဏာများ၊ရာသီတုပ်ကွေးကူးစက် ပျံ့နှံ့ပုံနှင့်ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်းကိုရှင်းလင်း၍ အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများ၊ရပ်ကွက်နေဒေသခံတိုင်းရင်းသားပြည်သူများတက်ရောက်ခဲ့ကြပြီးသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းထူး ( မိုင်းယန်း ပြန် /ဆက်)


