ဓနုဖြူ ၁   သြဂုတ် 

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကမ်းငူကြီးကျေးရွာအုပ်စု၊ ရွှေဇင်ကျွန်းကျေးရွာရှိ မြစ်ကမ်ပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းနေအိမ် ၃၇ လုံးရှိ မိသားစုဝင်များအား ဇူလိုင် ၃၁ ရက်၊ နံနက် ၁၁ နာရီခွဲက ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။ 

 

7

 

အဆိုပါ ပြောင်းရွှေ့နေအိမ် ၃၇လုံးရှိ မိသားစုဝင်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင် ၂၉ ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ကြိုတင်ရွေ့ပြောင်းဖျက်သိမ်းနေအိမ် (၃၇)လုံးရှိ အိမ်ထောင်စု ၃၇ စုမှ လူဦးရေ ၁၄၃ ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၃၇၀ဝဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ ၃၀ဝ၃၀ဝ၊ စုစုပေါင်းရန်ပုံငွေကျပ် ၄၀ဝ၀၃၀ဝ အား  ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောတွင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

အောင်သူဟိဏ်း(ဓနုဖြူ)