လွိုင်လင် ၁ သြဂုတ်

ရှမ်းပြည်နယ် လွိုင်လင်မြို့ရှိ ဟိုခိုက် အနာကြီးရောဂါဂေဟာတွင် ဆေးကုသရန်အတွက် ဆရာဝန်အကူအညီများ လိုအပ်လျက်ရှိနေကြောင်း ခရစ်ယာန်ဘုန်းတော်ကြီးဖာသာကျော်အေးကပြောသည်။

 

8068

 

ယင်းဂေဟာတွင် အနာကြီးရောဂါသည် အမျိုးသား ၅၀ ဦးနှင့် အမျိုးသမီး ၃၆ ဦးရှိပြီး အသက်အကြီးဆုံးဖြစ်သည့် အနာကြီး ရောဂါသည်မှာ အသက် ၈၆ နှစ် နှင့်  အငယ်ဆုံးရောဂါသည်မှာ ၁၈  နှစ်ဖြစ်ကြောင်းသိရသည်။

 

8089

 

" အဓိက လိုအပ်တာကတော့ ရောဂါသည်တွေအတွက် ကုသမယ့်ဆရာဝန်ပေါ့။ ဆရာဝန်တွေက လာတော့လာတယ် ဒါပေမယ့် သုံးလမှတစ်ခါ အဲ့လောက်ပဲ လာတာ။ အနီးကပ်စောင့်ရှောက်ကုသမယ့် ဆရာဝန်တစ်ယောက်မှ မရှိသေးဘူး။ အစားအစာတွေကတော့ သိပ်မလိုတော့ဘူး။ အရင်တစ်ခါ သတင်းရေးပေးတော့ လှူတဲ့သူတွေ လာကြတယ်။ " ဟု ၎င်းကပြောသည်။

 

8103

 

ယင်းဂေဟာရှိ အနာကြီးရောဂါသည်များမှာ အနယ်အရပ်ရပ်ရှိမြို့မှ လာရောက်ကုသကာ အတည်တကျနေထိုင်နေသော ရောဂါသည်များရှိပြီး ယခုနှစ်တွင် အနာကြီးရောဂါသည် ၂၀ ဦးတိုးလာကြောင်းသိရသည်။

 

8018

 

ဂေဟာတွင် အနာကြီးရောဂါသည်များအတွက် ဆေးကုသစားရိတ်နှင့် စားဝတ်နေရေး ထောက်ပံ့ပေးသည့်အပြင် အဆောင်တစ်ဆောင်လည်းပေးထားသည်။ ယင်းဂေဟာတွင် အနာကြီးရောဂါသည်များနေထိုင်ရန်အတွက် သီးသန့်အဆောင် ၄၀ ကျော်တည်ဆောက်ပေးထားသည်။

 

8118

 

အဆိုပါ အနာကြီး ရောဂါကုဂေဟာကို ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်းဂေဟာအတွက် လှူဒါန်းမှုပြုလုပ်လိုပါက ဝ၉-၄၂၈၃၂၅၁၈၂ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာကျော်အေးထံသို့ ဆက်သွယ် လှူဒါန်းနိုင်သည်။

သူရိန်လင်း