သာပေါင်း ၁ ဩဂုတ် 

မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စုများအား ကြက်ခြေနီအသင်းမှ ဇူလိုင်လ ၃၁ ရက် မွန်းလွဲပိုင်းက သာပေါင်းမြို့၊ ပြည်အေးခန်းမ၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

0030

 

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထောက်ပံ့ပေးအပ်ရသော အကြောင်းရင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းကို၊ အသင်းခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူအသီးသီးက ဇူလိုင်လ ၁၅ ရက်နေ့ မှ ဇူလိုင်လ ၃၀ ရက်နေ့အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် သာပေါင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၉ စု၌ နေအိမ် ၈ လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၈)လုံး အမိုးလန်ကာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော လေဘေးသင့်အိမ်ထောင်စုများအားစောင် ၁ ထည်၊ ခြင်ထောင် ၁ လုံး၊ပစ္စည်း ၁၁ မျိုးပါဝင် တစ်ပုံးစီ တို့ကိုထိခိုက်ဆုံးရှုံးသူများ၏ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ကြသည်။

ထောက်ပံ့ပေးအပ်ပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းကို၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးကိုနိုင် နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တက်ရောက်ကြသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)