၁ သြဂုတ်

ကြီးမားသည့် အမျိုးမျိုးပစ်ခတ်နိုင်သော ဒုံးကျည်သစ်တစ်မျိုး စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင်း ကင်ဂျုံအန်း ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ 

 

j2

 

မြောက်ကိုရီးယားနိုင်ငံ၏ တိုက်ခိုက်စွမ်းရည် အားကောင်းလာစေမည့်  စမ်းသပ်မှုရလဒ်များကို ကင်ဂျုံအန်က ကျေနပ်ခဲ့ကြောင်း အဆိုပါ မီဒီယာများက ဆိုသည်။ 

အဆိုပါ ဒုံးကျည်ကို ဝူဆန်၏ အရှေ့ဘက်မြို့အနီး  ကီလိုမီတာ ၂၅၀ အကွာကို ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

“မြောက်ကိုရီးယားနိုင်ငံက ကျွန်တော်တို့ကို ခြိမ်းခြောက်ရင် မြောက်ကိုရီးယားအစိုးရနဲ့ တပ်မတော်ကို ရန်သူအဖြစ် သတ်မှတ်သင့်ပါတယ်” ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်သည်။ 

သို့သော် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်က Fox သတင်းဌာနနှင့်အင်တာဗျူးစဉ် ဒုံးကျည်ပစ်လွှတ်ခြင်းကို ဖြေလျော့ပေးရန် ကြိုးပမ်းခဲ့သည်။

ယခုအပတ်အတွင်း ဗုဒ္ဓဟူးနေ့က ပစ်ခတ်မှုသည့် ဒုတိယအကြိမ် ပစ်ခတ်မှုဖြစ်သည်။
 
ပြီးခဲ့သည့် ကြာသပတေးနေ့ကလည်း တူညီသော ဧရိယာအတွင်း  မြောက်ကိုရီးယားနိုင်ငံက  တာတိုပစ်ဒုံးကျည်ကို စမ်းသပ်ခဲ့သေးသည်။ 

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်ထိန်းချုပ်သည့် နည်းဗျူဟာ ပဲ့ထိန်းလက်နက်အမျိုးအစား စမ်းသပ်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုနှင့်တောင်ကိုရီးယားနိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းကို သတိပေးလိုက်ခြင်း ဖြစ်သည်။  

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယနေ့ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်