နေပြည်တော်  ၁ သြဂုတ်

ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ နယ်မြေ(၇)၊ ရှေ့တန်း အမှတ်(၁၀) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ မကျီးချောင်းချောင်းဝရဲကင်းစခန်းမှ ဒုရဲမှူး နိုင်အောင်သူ ဦးစီးသည့် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ်အမှတ်(ဝ၀၂)ပါ ၂ စီး နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Shahparirdip BOP ကင်းစခန်းမှ Subedar MD, Nure Alam ဦးဆောင် သည့် စက်တပ်ရေယာဉ် ၂ စီး စုစုပေါင်း ၄ စီးတို့သည် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက  နှစ်နိုင်ငံနယ်နိမိတ် နတ်မြစ်အလယ် မကျီးချောင်း ချောင်းဝထိပ် ရေမိုင်အမှတ် (၂) မှ ကညင်ချောင်း ချောင်းဝထိပ် ရေမိုင်အမှတ်(၅)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၂)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရဲပြန်ကြား