နေပြည်တော် ၁ သြဂုတ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့်အဖွဲ့အား ယနေ့ညနေ ၃ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဧည့်ခန်းမ-၁ ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး၊ ကုန်သွယ်မှု လျင်မြန်လွယ်ကူချောမွေ့စေရေးနှင့် ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဆောလျင်စွာ တည်ထောင်အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံ တာဝန်ခံဝန်ကြီးဌာနများအကြား ဆွေးနွေးညှိနှိုင်းမှုများ စတင်ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံပြည်သူချင်း၊ အစိုးရချင်း၊ စီးပွားရေးလုပ်ငန်းချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 

သတင်းစဉ်