၂ သြဂုတ် 


ရာသီဥတု အပြောင်းအလဲ ဖြစ်တဲ့အခါ အအေးမိတုပ်ကွေး ဖြစ်တာက မဖိတ်ခေါ်ဘဲနဲ့ကို ရောက်လာတတ်တဲ့ အရာပါ။ အအေးမိတာ တုပ်ကွေးဖြစ်တာတွေဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ မအီမသာ ခံစားရတာတွေ ရှိနိုင်သလို နှာရည်တရွှဲရွှဲ၊ အသက်ရှူမရပြုမရနဲ့ အလုပ်အကိုင်တွေလည်းပျက်၊ အိပ်ရေးပျက် လူပင်ပန်းဖြစ်ရပါတယ်။ စိတ်ညစ်စရာပေါ့။ ဒီတစ်ခေါက်တော့ အအေးမိဖျားနာတာ ဖြစ်ခဲ့တဲ့အခါ မြန်မြန်ဆန်ဆန်နဲ့ပဲ အဖျားတာတိုအောင် လုပ်နိုင်တဲ့ လူသိနည်းသေးတဲ့ နည်းလမ်းတစ်ခုအကြောင်း ပြောပြချင်တယ်။ လျှို့ဝှက်ချက်တစ်ခုဆိုကြပါစို့။


အအေးမိတာနဲ့တုပ်ကွေးဖြစ်တာ ဆိုတာက


အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာက တစ်ခုနဲ့တစ်ခု မတူပါဘူး။ ရိုးရိုးလေးတွေးရင်တော့ ခန္ဓာကိုယ်မှာ နေထိုင်မကောင်းတာချင်းက အတူတူပဲလို့ ထင်စရာရှိပါတယ်။ လည်ချောင်းနာတာ၊ နှာခေါင်းပိတ်တာ၊နှာချေတာ၊ချောင်းဆိုးတာ၊ခေါင်းကိုက်တာလိုမျိုး လက္ခဏာတွေက အတူတူပဲဆိုပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ ခံစားရတဲ့ ဝေဒနာတွေက အအေးမိတဲ့အခါခံစားရတာထက် ပိုပြင်းထန်ပြီး  ရောဂါတိုးတက်မှုနှုန်းကတော့ မြန်ပါတယ်။


တုပ်ကွေးဖြစ်တဲ့အခါ  အဖျားတက်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ချွေးထွက်တာ၊ ခြေကုန်လက်ပန်းကျတာ၊ ချောင်းခြောက်ဆိုးတာနဲ့ နှာမွှန်တာတွေ ပိုလာနိုင်ပါတယ်။ အအေးမိတဲ့အခါ လှုပ်ရှားသွားလာနိုင်သေးပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ လှုပ်ရှားသွားလာနိုင်ဖို့ မဖြစ်နိုင်သလို အိပ်ရာထဲက ထနိုင်ဖို့တောင်မလွယ်ကူပါဘူး။


နှာချေလိုက်တဲ့အခါ တုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေက လေထဲမှာပြန့်နှံ့ပြီး အခြားသူတွေကိုကူးစက်စေနိုင်ပါတယ်။ ကိုယ်တိုင်တင်မကဘဲ မိသားစုဝင်တွေနဲ့ အခြားသူတွေကိုပါ ကူးစက်စေနိုင်တဲ့ အအေးမိ၊တုပ်ကွေးဗိုင်းရပ်စ်တွေကို အမြစ်ပြတ်ဖယ်ရှားနိုင်မယ့် လူသိနည်းသေးတဲ့ နည်းလမ်းလေး တစ်ခုကိုပြောပြမယ်။


ယေဘူယျအားဖြင့်တော့ အအေးမိတုပ်ကွေးဖြစ်တဲ့အခါမှာ ရေဓာတ်ပြည့်ဝအောင်နေရမယ်၊ အာဟာရပြည့်ဝအောင်စားရမယ်၊ ကောင်းကောင်းအနားယူမယ်၊ သူများတွေကို မကူးစက်အောင် နှာချေတဲ့အခါ ချောင်းဆိုးတဲ့အခါ ကာကွယ်မယ်စာတွေက သိပြီးသားဖြစ်မှာပါ။ အဲဒါတွေကို အသေးစိတ်မပြောတော့ဘဲ အခု ပြောပြမယ့် နည်းလမ်းတစ်ခုက Nasal Spray (နှာခေါင်းဖြန်းဆေး) အသုံးပြုတဲ့နည်းပါ။


အအေးမိ၊ တုပ်ကွေးနဲ့ nasal spray


Nasal spray သုံးတာရဲ့ ပထမဆုံး အားသာချက်ကတော့ အအေးမိတုပ်ကွေးဖြစ်တဲ့အခါ တစ်ခါတည်းပါလာတတ်တဲ့ နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာနဲ့ အသက်ရှူမရဖြစ်နေတာတွေကို ချက်ချင်းသက်သာ စေနိုင်တာပါ။ ဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ Nasal spray က အအေးမိနဲ့ တုပ်ကွေးကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို အပြီးသတ်အမြစ်ပြတ်ဖယ်ရှားနိုင်တဲ့အစွမ်းက အဓိကပါဝင်တဲ့ အတွက် အဖျားတာကို ချက်ချင်းဆိုသလို တိုစေနိုင်ပါတယ်။


nasal spray တွေကအအေးမိဖျားနာတာနဲ့ နှာခေါင်းပိတ်တာတွေကိုသက်သာစေနိုင်သလို ဒီရောဂါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို အမြစ်ပြတ်ဖယ်ရှားပေးနိုင်တာကြောင့် အအေးမိ၊ တုပ်ကွေးရောဂါကို အမြန်ဆုံးသက်သာစေပြီး အဖျားတာကိုတိုစေနိုင်တာပါ။ ဒါကတော့ အအေးမိတုပ်ကွေးဖျားနာတာတွေကို မြန်မြန်ဆန်ဆန်သက်သာစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။


ဘယ်လိုအသုံးပြုမလဲ


အဖျားသက်သာစေဖို့ nasal spray အသုံးပြုချင်ပေမယ့် ဘယ်လိုအသုံးပြုရမှန်းမသိတဲ့သူတွေအတွက် အသုံးပြုနည်းလေးလည်း တစ်ပါတည်း ဖော်ပြပေးလိုက်ပါတယ်။


နှာခေါင်းထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကို အရင်ဆုံး ရှင်းထုတ်လိုက်ပါ။


ပုလင်းကိုအရင်လှုပ်ပြီး အဖုံးဖွင့်လိုက်ပါ။ ပြီးရင်ဆေးပုလင်းမှာပါတဲ့ အညွှန်းအတိုင်း အသုံးပြုပေးပါ။


နှာခေါင်းထဲကို ဆေးမဖြန်းခင်မှာ နှာခေါင်းပေါက်တစ်ဖက်ကို လက်မလေးနဲ့ ဖွဖွလေးဖိထားပေးရပါမယ်။


ပြီးရင်ဆေးဖြန်းလိုက်ပြီး လေကိုရှုသွင်းလိုက်ပါ။


ပြီးရင်တော့ နောက်ထပ်နှာခေါင်းပေါက် တစ်ဖက်ကို ခပ်ဖွဖွလေးဖိပေးပြီး အလားတူ လုပ်ဆောင်ပေးလိုက်ပါ။


နှာခေါင်းကလေကို ရှုထုတ်ဆိုတဲ့ နေရာမှာလည်း နှာခေါင်းထဲဆေးတွေထွက်လာတဲ့အထိ ခပ်ပြင်းပြင်းညှစ်တာမျိုးမလုပ်ဖို့ သတိရပါ။


အခုပြောပြခဲ့တဲ့နည်းလမ်းတွေအတိုင်း nasal spray လေးကို နည်းစနစ်မှန်မှန် အသုံးပြုမယ်ဆိုရင် အအေးမိ၊ တုပ်ကွေးရောဂါပိုးတွေကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး ခဏခဏဖျားတာမျိုး မဖြစ်အောင် ကာကွယ်နိုင်မှာပါ။


ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -  Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”