ဘားအံ ၂ သြဂုတ်
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်၊ ကာယအလှမယ်နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို သြဂုတ်(၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင်ကျင်းပရာ ပြည်နယ်စာရင်းစစ်ချုပ် ဦးစောလှထွန်း၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ လထောက်မော်ကွန်းထိန်း၊ဘာသာရပ်အလိုက်ကထိကများ နည်းပြများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဖွင့်ပွဲတွင် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြမြအေးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံကာယဗလမောင်၊ ကာယအလှမယ်နှင့် အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး အမှာစကားပြောကြာသည်။
ဆက်လက်၍ ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်ပြိုင်ပွဲ၊ကာယအလှမယ်ပြိုင်ပွဲနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲကျင်းပွဲတွင် (၅)ပေ(၃)လက်မအထက်၊ (၅)ပေ(၃)လက်မအောက် ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသူများအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


