မေတ္တာ ၂   သြဂုတ် 


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မေတ္တာမြို့ အမှတ်(၃)ရပ်ကွက် ဟိန္ဒူးချောင်းတံတားအနီးတွင် ယမန်နေ့ည ၁၁ နာရီ အချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထားဝယ်-မေတ္တာကားလမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်များပေါ် သစ်ပင်ကြီးပြိုကျရာ လျှပ်စစ်ဓါတ်တိုင်(၃)တိုင် ကြိုးပဲ့ပျက်စီးခဲ့ကြောင်း သိရသည်။ 

 

1

 


လျှပ်စစ်ဓါတ်တိုင်များ လဲကျပျက်စီးနေကြောင်းကို သက်ဆိုင်ရာဌာနနှင့် ကုမ္ပဏီကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆက်သွယ်အကြောင်းကြား ပေးပြီးဖြစ်ကြောင်းနှင့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။


မေတ္တာ ပြန်/ဆက်