ကျိုက်ဒုံ  ၂  သြဂုတ် 


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ ၂ ရက် နံနက် ၆ နာရီက မိုးရေချိန် ၅ ဒသမ ၉၂ လက်မရှိပြီး တောင်ကျရေများကြောင့် ဟောသရောမြစ်ရေမှာ စိုးရိမ်ရေအမှတ် ၁၇ ပေ (၅၁၈)စင်တီမီတာသို့ ကျော်လွန်ပြီး ၁၉ ပေ(၅၈၀ စင်တီမီတာ) သို့ရောက်ရှိခဲ့သည်။


အဆိုပါ မြစ်ရေလျှံမှုကြောင့် ကျိုက်ဒုံမြို့ အမှတ်(၁/၂/၃)ရပ်ကွက်များရှိ အနိမ့်ပိုင်းနေ အိမ်ခြေ(၁၀ဝ)ခန့်သို့ ရေများဝင်ရောက်လာပြီး အမှတ်(၁)ရပ်ကွက်ရှိ ကယ်ဆယ်ရေးစခန်း(၁)၊ သန္တိသုခဘုန်းတော်ကြီးကျောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ ကယ်ဆယ်ရေးစခန်း၊ အမှတ်(၂)၊ တိဿရာမဘုန်းတော်ကြီးကျောင်းနှင့် ကယ်ဆယ်ရေးစခန်းအမှတ်(၃)၊ အ.ထက(ကျိုက်ဒုံ)တို့တွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်၊


ဟောင်သရော မြစ်ရေကြီးမှုကြောင့် လူ၊ တိရစ္ဆာန်၊ နေအိမ်၊ အဆောက်အဦ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးမှု မရှိကြောင်းနှင့် ဆက်သွယ်မှုမပြတ်သွားလာနိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကယ်ဆယ်ရေးလှေ(၂)စီးဖြင့် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သန်းထွန်းနိုင်(ပြန်/ဆက်)

 

8