နေပြည်တော်  ၂   သြဂုတ် 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၅၂)နှစ်မြောက် အာဆီယံထူထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ၁ဝဝိ/-ကျပ်တန် (၈)လုံးတွဲ(၂)မျိုးအား ၂၀၁၉ ခုနှစ်၊ သြဂုတ်(၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း (၈)ရက် (ကြာသပတေး)နေ့၊  နံနက် ၉ နာရီခွဲမှစတင်၍  တိုင်းဒေသကြီး/ ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

 

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ သြဂုတ် (၈)ရက်၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover)  များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

10