နေပြည်တော် ၂ သြဂုတ်
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော Total E&P Myanmar ကုမ္ပဏီသည် ကမ်းလွန် လုပ်ကွက်အမှတ် M-5 တွင် Preparis Geophysical Site Survey Contour လုပ်ငန်းများကို MV.JAVA IMPERIA (Call Sign : POZE) ရေယာဉ်ဖြင့် NW-vertex မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ် ၃၄ ဒသမ ၄၄ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၇ မိနစ် ၁၃ ဒသမ ၉၉ စက္ကန့်၊ NE-vertex မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ် ၃၃ ဒသမ ၈၅ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၀ မိနစ် ဝ၁ ဒသမ ၃၆ စက္ကန့်၊ SE- vertex မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၃ မိနစ် ၅၁ ဒသမ ၁၂ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၀ မိနစ် ဝ၀ ဒသမ ၇၃ စက္ကန့်၊ SW- vertex မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၃ မိနစ် ၅၁ ဒသမ ၇၁ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၇ မိနစ် ၁၃ ဒသမ ၄၀ စက္ကန့် တွင် ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသော်လည်း အဆိုပါလုပ်ငန်းများ မပြီးပြတ်သေးပါသဖြင့် သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်း ကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ (၄)ကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။
(သတင်းစဉ်)


