ငဖဲ ၂ ဩဂုတ် 


မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ အခြေခံပညာ မူလတန်းအဆင့် အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပသည်။


ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်း က ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး MBAPF မှပေးပို့သော အထွေထွေ ဉာဏ်စမ်း မေးခွန်းများကို ပြိုင်ပွဲကျင်းပပြုလုပ်ရာအထက-ငဖဲမှ မူလတန်းဆင့် ကျောင်းသားကျောင်းသူ(၂၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကြည်ကြည်ဝင်း မှ ပလတ်စတစ်အိတ်ကလေး၏ ခရီးစဉ် နှင့်ကိုယ်စီတန်ဖိုး ရုပ်ပြဇာတ်လမ်း သရုပ်ဖော်အား ကျောင်းသားကျောင်းသူများနှင့်အတူ စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ပေးပြီး အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲမှဆုရရှိသူများအား ဆုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။


မယု(ငဖဲ)