နေပြည်တော် ၂ ဩဂုတ်
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် Westminster Foundation Democracy (WFD)မှ အကြံပေးပုဂ္ဂိုလ် Sir Hugh Bayley အားယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-10) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကော်မတီမှ တာဝန်ယူဆောင်ရွက်နေရသော ဥပဒေရေးရာကိစ္စရပ်များ၊ အပြန်အလှန်ထိန်းညှိခြင်း လုပ်ငန်းများနှင့် ပတ်သက်၍WFD အနေဖြင့် ကော်မတီအား ဆက်လက်အကြံပေး ဆွေးနွေးလေ့ကျင့်မှုများ ပြုလုပ်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


