ရန်ကုန် ၂ သြဂုတ်
ယနေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မန္တလေးမှ ရန်ကုန်သို့ပျံသန်းလာသည့် Golden Myanmar Airlines မှ လေယာဉ်တစ်စီးသည် ပြေးလမ်းပေါ်တွင် လေယာဉ်ရှေ့ဘီး ရုတ်တရက်ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့ ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်ပါ ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် လေယာဉ်ကွင်းအား ခေတ္တပိတ်ထားခဲ့ရကြောင်း ကနဦးသတင်း သိရသည်။
MDN


