နေပြည်တော် ၂ ဩဂုတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာ ချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အား ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်ကြသည့် UNOCHA, UNHCR,UNDP, UNRC Office,ICRC, IFRC နှင့် MRCS အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကချင်ပြည်နယ်ရှိ IDPs များနေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေး များနှင့်ပတ်သက်၍ ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် IDP စခန်းများပိတ်သိမ်းရေးနှင့် ပတ်သက်၍ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ခဲ့သော အဆိုပါ ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်လိုသည့် နယ်ပယ်များဖော်ထုတ်နိုင်ရေး၊ ပြန်လည်နေရာချထားရေးအတွက် နိုင်ငံတော်က ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေမှု၊ မူလနေရပ်များ ဘေးကင်း လုံခြုံ ရေးအတွက် မိုင်းရှင်းလင်းရေးပူးပေါင်းဆောင်ရွက်နေမှု၊ စာသင်ကျောင်းများပြန်လည် ဖွင့်လှစ်နိုင် ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ပေးနေမှု၊ ပတ်ဝန်းကျင်လုံခြုံမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စီမံချက်များ၊ လျှပ်စစ်မီးရရှိရေးနည်းလမ်း များနှင့်အဆောက်အဦးများ ဆောက်လုပ်နေမှုအစီအမံများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ် ဆောင်ရာတွင် စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းနှင့် အများပိုင် နေရာများအတွက် ဦးစားပေးဆောင်ရွက်ရန်နှင့် အမျိုးသမီးများနှင့်ကလေးငယ်များ ဘေးကင်းလုံခြုံမှုနှင့်အာဟာရ ထောက်ပံ့မှုအစီအစဉ်များ၊ ဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့မည့် အစီအစဉ်များ၊ ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စ၊ ဒေသခံ အဖွဲ့အစည်းဖြစ်သော ကချင်ပြည်နယ်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကော်မတီ (KHCC) နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ရေး (Voluntary Return) ဖြစ်စေရန်နှင့် အမှန်တကယ်လို အပ်ချက်များအပေါ် ဦးစားပေးအကောင် အထည်ဖော်ဖြည့်ဆည်း ပေးရေးအတွက် Pilot Project ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ တက်ရောက်သူများ က အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


