နေပြည်တော် ၂ သြဂုတ် 
    

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက်ရှိသည့် ရေဒီယိုလိုင်းများ၊ ရုပ်သံ လိုင်းများ၏ အစီအစဉ်များကို New Media Platform တွင် ပြန်လည်နားဆင်ကြည့်ရှု နိုင်ရန်ရည်ရွယ်၍ Web Portal တစ်ခု ထူထောင်၍ လွှင့်တင်ပေးလျက်ရှိသည့် Web Address မှာ https://www.mrtv.gov.mm ဖြစ်သည်။
    

ယင်း Web Portal တွင် TV နှင့် ရေဒီယိုတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိသည့် ပြည် တွင်းပြည်ပသတင်းများ၊ မိုးလေဝသသတင်းများအပြင် အစီအစဉ်များကိုလည်း စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ လူငယ်ရေးရာ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဖျော်ဖြေရေးစသည့် ကဏ္ဍများခွဲ၍ လွှင့်တင်ပေးလျက်ရှိသည်။ ထို့ပြင် လွှတ်တော်ကဏ္ဍ၊ NRC ရုပ်သံလိုင်းမှ တိုင်းရင်းသားဘာသာစကားဖြင့် ထုတ်လွှင့်သည့် တိုင်းရင်းသားတို့၏ ရိုးရာအကများ၊ ဓလေ့ရိုးရာအစီအစဉ်များနှင့် လက်ရှိဖြစ်ပေါ်နေ သည့်အခြေအနေများကို တွေ့ဆုံမေးမြန်းသည့် မျက်မှောက်ရေးရာအဖြာဖြာ၊ စကားဝိုင်း ဆွေးနွေးခန်း အစီအစဉ်များအပြင် နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများကိုလည်း လွှင့်တင်ပေးထားသည်။
    

ယင်းအစီအစဉ်များကို Social Media များဖြစ်သည့် Facebook , Youtube နှင့်  Soundcloud တို့တွင်လည်း လွှင့်တင်ပေးထားသည်။ Facebook တွင် Search Box ၌ MRTV ဟု ရိုက်ထည့်ပြီး ရှာနိုင်သည်။ Address အတိအကျမှာ www.facebook.com/ mrtvwebmediaportal ဆိုလျင် MRTV Facebook Page ကို တွေ့ရမည်ဖြစ်သည်။ Youtube လိပ်စာမှာ www.youtube.com/MRTVYoutubeChannel ဖြစ်ပြီး Soundcloud မှာ www.soundcloud.com/Myanmar_Radio တို့ဖြစ်သည်။
    

ရေဒီယိုလိုင်းများ၊ ရုပ်သံလိုင်းများကို Online မှ တိုက်ရိုက် Livestreaming ကြည့်ရှုနိုင်ရန် http://www.mrtvlivestream.tv တွင် လွှင့်တင်ထားပြီးဖြစ်၍ Browser မှတစ်ဆင့် ဝင်ရောက်ကြည့်ရှု နားဆင်နိုင်သကဲ့သို့ Android စနစ်သုံး Mobile Devices များတွင်လည်း ကြည့်ရှုနားဆင်နိုင်ရန် MRTV Mobile App အား Google Play Store တွင် Register လုပ်ထားပြီးဖြစ်၍ အလွယ်အကူ Download ပြုလုပ် ကြည့်ရှုနားဆင်နိုင် ပြီဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်