ဂျပန်-ကိုရီးယား စက်မှုလက်မှု လုပ်ငန်းများ မြန်မာပြည်သို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် အစီအစဉ် ရှိ၊ မရှိ မေးမြန်း
နေပြည်တော် ၂ သြဂုတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် တာမွေမဲဆန္ဒနယ်မှ ဦးတိုးဝင်းက ဂျပန်-ကိုရီးယား စက်မှုလက်မှု လုပ်ငန်းများ မြန်မာပြည်သို့ လာရောက် ရင်းနှီးမြှုပ်နှံမည့် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဦးဆက်အောင်က ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံ Consortium သီလဝါ အထူးစီးပွားရေးဇုန် ရင်းနှီးတည်ထောင်သည့် ကုမ္ပဏီတွင် ပါဝင်တည်ထောင် ဆောင်ရွက်ခွင့်ကိုပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျပန်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၈.၁၄ သန်း ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ပါကြောင်း၊
စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ၁.၇၂ ဘီလီယံကျော်လောက်ရှိပါကြောင်း၊ ကိုရီးယားရင်းနှီးမြှုပ်နှံမှုအနေ ဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာသန်းပေါင်း ၁၆၈.၁၃ သန်း ရင်းနှီးမြှုပ်နှံထားလျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်သို့ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများနှင့်တကွ တခြားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများလည်း ဆက်လက် ဝင်ရောက်လျက်ရှိပါကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင်တွင် အမေရိကန် ဒေါ်လာသန်းပေါင်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် စက်မှုဇုန်စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Korea Land and Housing Corporation တို့ ပူးပေါင်း ဖွဲ့စည်းထားသည့် KMIC Development Co., Ltd. ကို ၂၀၂၅ ခုနှစ်တွင် အပြီးဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ စက်မှုဇုန်စီမံကိန်း ပြီးစီးပါက ကိုရီးယားနိုင်ငံမှ စက်မှုလက်မှုလုပ်ငန်းများလည်း အလုံးအရင်းဝင်ရောက်လာနိုင်ပြီး အခြားနိုင်ငံမှ စက်မှုလက်မှု လုပ်ငန်းများလည်း ဝင်ရောက်လာနိုင်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုဖြေလျှော့ခြင်း၊ တိုးမြှင့်ခြင်းနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ၁၅.၁၂.၂၀၁၃ ရက်နေ့တွင် လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ် ပေးရေးဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ၅.၆.၂၀၁၄ ရက်နေ့တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သောကြောင့် ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ ကိုလည်း ပိုမိုစီးဝင်စေမည် ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ် သည့် (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးကို လိုက်ပါတက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာနိုင်ရေးအတွက် ၈.၁၀.၂၀၁၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် မြန်မာရင်းနှီးမြှုပ်နှံမှုညီလာခံသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်နိုင်ခဲ့ပါကြောင်း။
အလားတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် ကိုရီးယားသမ္မတနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ မှ ၂၂ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး ကိုရီးယား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအတွင်းသို့ ပိုမိုစီးဝင်လာစေရေးအတွက်လည်း ကိုရီးယားရင်းနှီး မြှုပ်နှံသူများနှင့် တွေ့ဆုံကာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ဂျပန်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း(JICA)မှ ကျွမ်းကျင်သူများ၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့(JETRO)မှ ကျွမ်းကျင်သူတို့ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှာ Japan Desk အဖြစ် တွဲဖက်တာဝန်ပေးအပ်ကာ ဂျပန်ရင်းနှီးမြှုပ်နှံလိုသူများနှင့် တွေ့ဆုံ၍ အကြံဉာဏ်များပေးခြင်း၊ ဂျပန်ကုမ္ပဏီများမှ မေးမြန်းလာသည့် မေးခွန်းများအား ဖြေကြားပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ Vocational Training Center များတည်ထောင်ပြီး Vocational Training Center တွင် မြန်မာနိုင်ငံ၏ Human Resources Development ကို ဖြည့်ဆည်းသည့် နည်းလမ်းဖြင့် On Job Training နှင့် လုပ်ငန်းခွင်မှာပဲ မြန်မာနိုင်ငံ လုပ်သားများကို စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကိုလည်း ဆက်လက်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း။
မြန်မာနိုင်ငံမှ တခြားနိုင်ငံသို့ သွားရောက်ပြီး အလုပ်လုပ်သည့်အခါ Professional များ ထွက်တာ ရှိသလိုမျိုး၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံသို့သွားသည့် မြန်မာနိုင်ငံမှ အလုပ်သမား အများစုမှာ Semi Skill နှင့် Un-Skill Worker များဖြစ်သည့်အတွက် Migration, Labour Migrant ဟုခေါ်သည့် နိုင်ငံတကာသို့ ထွက်သွားသည့် မြန်မာနိုင်ငံမှ လုပ်သားများသည် ထွက်သွားသည့်အခါ မိမိတို့အနေဖြင့် Brain Drain ဖြစ်သည်ဟု ယူဆ၍မရဘဲ ၎င်းလုပ်သားများ ပြန်ရောက်လာလျှင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ၎င်းတို့ကို Future Brain Gain ဆိုသည့်အနေနှင့် သိရှိလိုက်နာပြီး ဆောင်ရွက်နိုင်ရန် Migrant Worker များကိုလည်း မြန်မာနိုင်ငံသို့ ပြန်လာသည့်အခါ လုပ်ငန်းများ ပိုမိုဆောင်ရွက်စေနိုင်မည့် Enabling Environment ကိုလည်း ဖန်တီးပေးရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လူငယ်လူရွယ်များ လုပ်ငန်းကျွမ်းကျင်မှုနှင့် ဘာသာစကားအခက်အခဲ မဖြစ်စေနိုင်ရေးနှင့် ပတ်သက်ပြီး Vocational Training ကဲ့သို့သော ပညာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် ပေးမည့် လုပ်ငန်းများတွင်လည်းကောင်း၊ ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တွင်လည်းကောင်း ထည့်သွင်း၍ အဆိုပါသင်တန်းကျောင်းများ ပိုမိုတိုးပွားစေရေးအတွက် လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအတွင်း၊ နိုင်ငံတော်အတွင်း ကျွမ်းကျင်လုပ်သားများ တိုးတက်များပြားစေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိတွင်လည်း မြန်မာနိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် သက်မွေးပညာသင်ပုဂ္ဂလိကကျောင်းသုံးခုကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုမိန့်ထုတ်ပေးထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Vocational Training School များ များများဖွင့်နိုင်ရန်နှင့် ထိုသို့ဖွင့်သည့်အခါ သတင်းစာများ၊ ဂျာနယ်များမှ ကျယ်ကျယ်ပြန့်ပြန့် Training လာတက်နိုင်သည့် လူငယ် လူရွယ်များကို ခေါ်၍ လုပ်ဆောင်ရန် လိုအပ်ပါကြောင်းနှင့် လုပ်ခလစာများကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ညီအောင် မည်သို့ ဆောင်ရွက်ထားပါသလဲဟု ဆက်စပ် မေးခွန်းမေးမြန်းရာ သီလဝါအထူးစီးပွားရေးဇုန်တွင် ဖွင့်လှစ်ထားသည့် ဂျပန်နိုင်ငံမှ လာရောက်ဆောင်ရွက်နေသည့် Vocational Training Center တစ်ခုသည်လည်း One Stop Human Resources Center အနေဖြင့် လာရောက်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် Vocational Training Center များသည် Supply Based မဖြစ်စေရန်နှင့် Demand Based ဖြစ်စေရန်အတွက်လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်မှ ပံ့ပိုးနိုင်သည်များကို ပံ့ပိုးပြီး Enabling Environment တစ်ခုကိုလည်း ဖန်တီးပေးနိုင်ရန် လိုပါကြောင်း၊ လုပ်ခလစာ သည် မိမိတို့ဆီရှိ Industry Life Cycle ထက် ပိုပြီးများသည့် လုပ်ခလစာမျိုး မဖြစ်သွား စေနိုင်ရန် ဆက်လက်ပြီး ဆန်းစစ်မှုများ၊ စိစစ်မှုများပြုလုပ်ပြီး ဆောင်ရွက်လျှင် ပိုပြီးကောင်းမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
MDN
Credit-ပြည်သူ့လွှတ်တော်