ငဖဲ ၃ ဩဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပန်းထိမ်းကျေးရွာ အုပ်စု၊ ပန်းထိမ်းကျေးရွာသို့ မင်းဘူးခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်ဦး နှင့် ခရိုင်မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံများ၊ ငဖဲမြို့နယ်ကျေးလက်ဦးစီးမှူး ဦးဝေလင်းမောင် နှင့် ဝန်ထမ်းများအဖွဲ့ က ဩဂုတ်လ ၂ ရက်နေ့မွန်းလွဲပိုင်းက စာရင်းဇယားနှင့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပန်းထိမ်းမြစိမ်းရောင် စီမံကိန်းကျေးရွာသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၃၃)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၂၀)ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၄)ဦး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ (၁)ဦးနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလုပ်ကိုင်သူ(၄)ဦး၊ စုစုပေါင်း(၆၂)ဦးရှိပြီး စီမံကိန်း ရန်ပုံငွေကျပ် သိန်း(၃၀ဝ)ဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)


