ကျောက်ကြီး ၃ သြဂုတ်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ၌ သြဂုတ် ၂ ရက် ညနေ ၃ နာရီတွင် စစ်တောင်းမြစ်ရေ (၈၃၀) စင်တီမီတာရောက်ရှိပြီး စိုးရိမ်ရေမှတ်နီကပ်လာ၍ ကမ်းပါးများပြိုကျပျက်စီမှုမရှိစေရန် တာဘောင်ပြင်လုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်တောင်းမြစ်ရေ မြှင့်တက်ပြီး လူနေအိမ်နှင့် နီကပ်လာ၍ မြစ်ကမ်းပါးပြိုကျ ပျက်စီမှုနည်းပါးလာစေရန် တာဘောင်ပြင်လုပ်ငန်းအား တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သဲအိတ်များ စီချဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


