ကွန်ဟိန်း ၃ သြဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်လာစေရန် ရည်ရွယ်၍ ပြည်သူများလက်ဝယ်အရောက် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ဝန်ထမ်းများမှ ဆောင်ရွက်ပေးလျှက်ရှိရာ သြဂုတ်လ ၃ ရက်နေ့က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် သုတ၊ရသ စာအုပ်များအား ငှားရမ်းပေးခဲ့ပြီး စာဖတ်ပရိတ်သတ်များအား ဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။
MDN


