ရွှေတောင် ၃ သြဂုတ်
အနာဂတ် လူငယ်ကလေးများ၏ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၈ နာရီခွဲက (အလက) မယားမာန်ကျောင်းနှင့် (အမက)လက်ခုတ်တန်းကျောင်းတို့တွင် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စာထောက်၃ ဒေါ်နွေးဒါလီနိုင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ ကြိုက်နှစ်သက်သော ပုံပြင်စာအုပ်လေးများကို ပြောပြခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများပြုလုပ်ခြင်းများ ဆောင်ရွက်ပေးကာ စာပေများလေ့လာဖတ်ရှုနိုင်ရန် သုတ/ရသ စာအုပ် (၁၁၃)မျိုးကို တစ်လအခမဲ့ ငှားရမ်းပေးခဲ့ပြီးကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)


