အိမ်မဲ ၃ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့၌ တိုင်းနှင့်ပြည်နယ် ယူ ၁၃ အမျိုးသမီးပွဲစဉ်တွင် ဧရာဝတီဂုဏ်ဆောင် ပထမဆုရကျောင်းသူများနှင့်နည်းပြဆရာအား ဂုဏ်ပြုကြိုဆိုခြင်းကို သြဂုတ်လ ၃ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုကြိုဆိုခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်မေလွင်လွင်နှင့် မြို့မိမြို့ဖများက ဧရာဝတီဂုဏ်ဆောင် အားကစားသမားများကို အိမ်မဲမြို့အဝင်က စောင့်ဆိုင်းကြိုဆိုကြပြီး မော်တော်ယာဉ်ဖြင့် မြို့တွင်းတစ်ပတ် ကြိုဆိုဂုဏ်ပြုကြရာ ကျောင်းသားကျောင်းသူများက လက်ခုပ်လက်ဝါးတီး၍ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အထက(၁) ရွေညီလာခန်းမတွင် ဂုဏ်ပြုပွဲ ဆက်လက် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မေလွင်လွင်တို့က ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။ ထို့နောက်နည်းပြဆရာက ကြုံတွေ့ရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ဧရာဝတီ ဂုဏ်ဆောင်ပထမဆုရကျောင်းသားကျောင်းသူများဖြစ်ကြသော မကြယ်စင်ချို အ-လ-က သဖန်းပင်ဆိပ်၊ မသီတာထွေး အ-ထ-က ကြို့ကုန်း၊ မအိန္ဒြာစိုးအောင် အ-ထ-က ရွာသစ်တို့နှင့် နည်းပြဆရာတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)


