မန္တလေး ၃ သြဂုတ်
မန္တလေးမြို့က အထပ်အမြင့်ဆုံးဟိုတယ် GRAND PARK HOTEL ကို အခုလ ၁၆ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
GRAND PARK HOTEL သည် အထပ်ပေါင်း ၃၁ ထပ်ရှိပြီး ဟိုတယ်၏ အပေါ်ဆုံးထပ်တွင် ရေကူးကန် ပါဝင်ကြောင်း သိရသည်။
"ခုလောလောဆယ် China Tour တွေ အများဆုံး လာရောက်တည်းခိုပါတယ်။ Global Market ကို ထိုးဖောက်နိုင်ဖို့ရည်ရွယ်ထားပါတယ်'' ဟု GRAND PARK HOTEL ၏ Sales Executive ကိုစိုးထက်ရှင်းက ပြောသည်။
လူဦးရေ ၂၀ဝ၀ ဆံ့ Grand Empress Ballroom၊ ကားအစီး ၁၀ဝ၀ ကျော် ရပ်နားနိုင်သည့် ကားပါကင်၊ Meeting & Function ပြုလုပ်နိုင်သော အစည်းဝေးခန်းမများ ပါဝင်ကြောင်း သိရသည်။
GRAND PARK HOTEL ကို ယခုလ ၁၆ နေ့တွင် မန္တလေးမြို့၊ ၈၄ လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


