မင်းဘူး ၃ သြဂုတ်


မင်းဘူး-စကုကားလမ်းမဘေးရှိ ဆောက်လုပ်ဆဲအဆောက်အဦ သံဖရိန်ပြိုကျသဖြင့် လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သီရိမင်္ဂလာရပ်၊ မင်းဘူး-စကုကားလမ်းမဘေးရှိ ဆောက်လုပ်ဆဲအဆောက်အဦ သံဖရိန် steel structure (၂ )ထပ် Slab ကြမ်းခင်းလောင်းစဉ် ပြိုကျပြီး လူတစ်ဦးပိမိနေကြောင်း ယနေ့နေ့လယ် ၁၁ နာရီ ၄၅ မိနစ်က သတင်းရရှိသဖြင့် မင်းဘူးခရိုင် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ ရှာကယ်ကရိန်း(၁) စီး၊ သူနာတင်ယာဉ် (၁) စီးဖြင့် သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ပိမိနေသူ တစ်ဦးအား မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ကယ်ထုတ်ပေးခဲ့ပြီး ထိခိုက်ပွန်းပဲ့ဒဏ်ရာရ အမျိုးသား နှစ်ဦးနှင့် ပိမိသူ အမျိုးသား တစ်ဦး စုစုပေါင်း သုံးဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။


MDN

 

ဓာတ်ပုံ - Myanmar Fire Services Department