မြောင်းမြ ၃ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ဘုရားချောင်းရပ်ကွက် နိဗ္ဗာန်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ဩဂုတ် ၂ ရက် နံနက် ၉ နာရီက မြရွှေဝါခန်းမ၌ပြုလုပ်သည့် တွေ့ဆုံရှင်းလင်းပွဲမှ သိရသည်။  

အဆိုပါလမ်းသည် ပေပေါင်း ၂၇၀ဝ ကျော်ရှိပြီး ယခင်က ၁၆ ပေအကျယ် အမာခံလမ်းဖြစ်အောင် တိုင်းဘတ်ဂျက်ဖြင့် လမ်းဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ သိန်း ၂၁၀ဝ ကျော် အကုန်အကျခံ၍ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်းနှင့် ကုန်ကျငွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းမြင့်က ပြောသည်။

အဆိုပါတွေ့ဆုံရှင်းလင်းပွဲသို့ ဌာနဆိုင်ရာများ ဒေသခံပြည်သူများ စုစုပေါင်း ၁၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး (ပြန်/ဆက်)