ရေစကြို ၄ သြဂုတ်


ရေစကြိုမြို့နယ်တွင် ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျှော့ချရေးနှင့် အသိပညာပေးလုပ်ငန်းများကို သြဂုတ် ၄ ရက် နံနက် ၉ နာရီက ရေစကြိုမြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမြင့်ဟန်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်သင်းမြတ်ကြူနှင့် ဌာနဆိုင်ရာအသီးသီးမှ မြို့နယ်ဦးစီးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်း၍ အများပြည်သူများထံ အမှိုက်များခွဲခြား စွန့်ပြစ်မှုအကျိုး၊ အမှိုက်ထွက်ရှိမှုနည်းအောင် ပြုလုပ်ခြင်းအချက်များပါ  ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျှော့ချရေးနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။


နွယ်နွယ်အောင်
ရေစကြို ပြန်/ဆက်