လှိုင်းဘွဲ  ၄  ဩဂုတ်


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၅)နှစ်အထိ ကလေးငယ်များအား တတိယအကြိမ် အပိုဆောင်းပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ တတိယအကြိမ် အပိုဆောင်းပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာဝင်းဇော်ဦး ကိုယ်တိုင်ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ တစ်အိမ်တက်တစ်အိမ်ဆင်း အိမ်တိုင်ရာရောက် ကလေးငယ်များ မကျန်ရှိစေရေးအတွက် လိုက်လံတိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


မြို့နယ်(ပြန်/ဆက်)

 

1