ကြာအင်းဆိပ်ကြီး ၄ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇမိမြစ်ရေလျှံကာ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကားပေါ်ရှိ တံတားတစ်စင်းမှာ တံတားပေါ်သို့ ရေလျှံပြီး သွားလာမှု ခက်ခဲလျက်ရှိသည်။
အဆိုပါတံတားမှာ ကြာအင်းဆိပ်ကြီးမြို့မှ မိုင်တိုင်နှစ်မိုင်ကျော် ချောင်းဝကျေးရွာအထွက် ချောင်းကူးတံတားဖြစ်ပြီး ၎င်းတံတားပေါ်ရေလျှံမှုကြောင့် မော်တော်ယာဉ်ငယ်များနှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာမှု ခက်ခဲလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)


