ဒေးဒရဲ ၄ သြဂုတ်
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကုလားကုန်းတန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအဖြစ် အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ကျေးလက်ကျန်းမာရေးဌာန ဒေါ်စမ်းစမ်းဝင်း(L.H.V)က သွေးလွန်တုပ်ကွေး (H1N1) ရောဂါ၊ ဆင်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ ပျိုဖော်ဝင်လက္ခဏာများ၊ မစားသင့်သော အစားအစာများအကြောင်း၊ ဆရာဦးဌေးလွင်(PHS1)က မူးယစ်ဆေးဝါးနှင့် ဝမ်းပျက်ဝမ်းလျော ရောဂါများအကြောင်း၊ နော်အယ်လားဘွဲ (သားဖွားဆရာမ)က တစ်ကိုယ်ရည် သန့်ရှင်းရေးအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူ (၄၉၈)ဦးတို့အား ကျန်းမာရေးစစ်ဆေး၍ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


