ကော့ကရိတ်ခရိုင် ၄ သြဂုတ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက မြဝတီ- ဘားအံ- နေပြည်တော်- ဘားအံ- မြဝတီ ခရီးကြမ်းကားမောင်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

535

 

အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးနိုင်နိုင်ထွန်း၊ ဘားအံခရိုင်/ကော့ကရိတ်ခရိုင် လမ်းဦးစီးမှူး၊ ကော့ကရိတ်ခရိုင် ကျေးလက်လမ်းဦးစီးမှူး၊ ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးစခန်းမှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိများ တက်ရောက်ခဲ့ကြပြီး လာမည့်သြဂုတ်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြဝတီ- ဘားအံ- နေပြည်တော်- ဘားအံ- မြဝတီ ခရီးကြမ်းကားမောင်းပြိုင်ပွဲ မောင်းနှင်မည့် လမ်းကြောင်းတစ်လျှောက် လုံခြုံရေးတာဝန်ချထားမှု၊ ပြိုင်ပွဲဝင်ကားများ လမ်းကြောင်းတစ်လျှောက် ကောင်းမွန်စွာ ယှဉ်ပြိုင်မောင်းနှင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

 

315

 

ထို့နောက် အဆိုပါအဖွဲ့သည် ပြိုင်ပွဲဝင်ကားများ မောင်းနှင်ဖြတ်သန်းသွားလာမည့် လမ်းတံတားနှင့် လုံခြုံရေးဆောင်ရွက်မည့် လမ်းကြောင်းနေရာများသို့ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင် ပြန်/ဆက်)