တိုက်ကြီး ၅ သြဂုတ်   

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်( ၇၇ ) စက်မှုလယ်ယာစခန်းမှ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု ( အခြေခံ)သင်တန်း ( ၁/၂၀၁၉) သင်တန်းဖွင့်ပွဲကို သြဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က တိုက်ကြီးမြို့ အမှတ် ( ၇၇ ) စက်မှုလယ်ယာစခန်းသင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

 

0203

 

အခမ်းအနားတွင် တိုက်ကြီးမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်း က အဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးသောင်းထိုက် က အမှာစကားပြေကြားခဲ့သည်။

ထို့နောက် ရန်ကုန်မြောက်ပိုင်းခရိုင် ဦးစီးဌာနမှူး ဦးသန်းထွဋ်မှ သင်တန်းအထောက်အကူပစ္စ္စည်းများ ပေးအပ်ရာ သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့သည်။

အဆိုပါ သင်တန်းကို ကျေးလက်ဒေသမှ သင်တန်းသား ၃၀ တက်ရောက်ကြပြီးသင်တန်းကာလမှာ စာတွေ့လက်တွေ့ နှစ်ပတ်သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

စန်းကလျာခိုင်(ပြန်/ဆက်)