ကျွန်းလှ ၅ သြဂုတ်
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခမဲ့ ရက်ကန်းသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့ နယ် ငါးဘတ်အိုင်နှင့် သံဘိုကျေးရွာတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင်း ပန်းကောက်၊ ချည်ဆက်၊ ဒီဇိုင်း၊ ဇာချည်ဆက်၊ ရက်၊ ဖောက်ယောက် စသည်တို့ကို သင်ကြားပေးမည်ဖြစ်ကြောင်း သင်တန်းနည်းပြ မပြည်ပြည့်ဝင်းက ပြောသည်။
အဆိုပါ သင်တန်းကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် သင်တန်းသူ (၂၁)ဦးအား သင်ကြားပေးခဲ့ပြီး ယခု တတိယအကြိမ်တွင် သင်တန်းသူ (၁၁)ဦးကို နှစ်လကြာ လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း မြို့နယ် ကျေလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


