မန္တလေး ၅ သြဂုတ်


မန္တလေးရတနာမောလ် နိုင်ငံတကာ အဆင့်မီ ကျောက်မျက်ရတနာဈေးတွင် လစဉ်လဆန်း ၃ ရက်မှ ၇ ရက်အထိ မန္တလေးတိုင်းဒေသကြီး မိုးကုတ်ရတနာမြေမှ ထွက်ရှိသော ပတ္တမြား၊ နီလာထာပွဲအား (၅)ရက်တစ်ဈေး ကျောက်ဈေးကွက် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ဒီဇိုင်းစုံလင်သော လက်ဝတ်ရတနာ အချောထည်များ နေစဉ်ရောင်းချပေးလျက်ရှိပြီး ညစဉ်ကျောက်စိမ်း အချောထည်လက်ကောက်၊ ပုတီးနှင့် ကျောက်စိမ်းရုပ်များအား ဈေးကွက်ဖွံ့ဖြိုးရေး ရောင်းချပေးလျက်ရှိရာ ပြည်တွင်းပြည်ပကျောက် မျက်ရတနာချစ်မြတ်နိုးသူများ လာရောက်လေ့လာ ဝယ်ယူလျက်ရှိသည်။


ကျောက်မျက်ဈေးကွက်အား ထူးခြားစွာဖြင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်ထွက် မြန်မာ့တွင်းထွက် ရတနာပယင်းများအား ဈေးကွက် ရရှိရေး၊ ပြည်ပဝယ်လက်များပင်ရင်းဈေးဖြင့် လက်လီလက်ကား စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ရန် မန္တလေးရတနာမောလ် ကျောက်မျက်ဈေးတွင် နေရာအခမဲ့ဖြင့် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။


မောင်ပြည်သူ(မန္တလေး)