ရမည်းသင်း  ၅   သြဂုတ်


ငလျင်ကြိုတင်ကာကွယ်ရေး လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက ရမည်းသင်းခရိုင် မီးသတ်ဦးစီးဌာန ရုံးဝင်းအတွင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်၊ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးသူရလင်း ကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ဝင်များက  မီးသတ်စက်ကြီးဖြင့် မီးငြှိမ်းသက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး (ကားအက်စီးဒင့်) အဆောက်အဦးအတွင်းမှ ကယ်ထုတ်ခြင်း၊ ခေတ်မီသံတိုင်ဖြတ်စက်၊ သစ်သားဖြတ်စက်၊ ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်များဖြင့် မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးက ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။


ရန်နိုင်ထွန်း(ပြန်/ဆက်)