ပုလော ၅ သြဂုတ်
ကလေးငယ်များအားအပြုသဘောဆောင်သော စည်းကမ်းပေးခြင်းနှင့် စိတ်ပညာရှုထောင့်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို သြဂုတ်လ ၄ ရက် နံနက် ၉ နာရီအချိန်က ပုလောမြို့နယ်ကမ်းရိုးတန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဝေါလ်ဗွီးရှင်းတာဝန်ခံ နော်ပိဘိက လူမှုကွန်ရက်ပေါ်တွင် လိင်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို အိမ်နှင့်ကျောင်းများတွင် အများဆုံးတွေ့ရှိရပြီး ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မကာကွယ်ပေးပါက စိတ်ပိုင်း ဆိုင်ရာ နာကျင်၍ အနာဂတ်တွင်ထိခိုက်နိုင်ကြောင်း၊ ကလေးများ အကြမ်းဖက်မှုမရှိစေရန် ပူးပေါင်းဆောင်ရွက်ရန် နှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်အတွက် လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် စိတ်ပညာဌာန တွဲဖက်ပါမောက္ခ(ငြိမ်း) ဒေါ်သက်ထားဝင်းမှ ကလေးငယ်များအား စိတ်ပညာ ရှုထောင့်အရ ဘယ်လိုဆုံးမကြမလဲ၊ စိတ်ရောဂါဖြစ်ပွားမှုသည် ငယ်စဉ်ကလေးဘဝအရွယ်တွင် စိတ်ဒဏ်ရာများ ရရှိခြင်းကြောင့်ဖြစ်ခြင်းစသည့် အကြောင်းအရာများကိုပြောကြားခဲ့ပြီး၊ ပညာပေး Videoများ ပြသပေးခဲ့သည်။ ထိုနောက် စိတ်ပညာဌာန ပါမ္ခောဌာနမှူး (ငြိမ်း) ဒေါက်တာသိန်းလွင်က အပြုသဘောဆောင်သော ဆုံးမ သွန်သင်ခြင်းနှင့် ပတ်သက်၍ ကလေးငယ်များသည် အလွန်စူးစမ်းပြီး သိလိုမှုများပြားကြောင်း၊ ကလေးငယ်များ သည် လိုချင်မှုများပြားသောကြောင့် နားလည်မှုပေးရန် လိုအပ်ကြောင်း၊ လူအချင်းချင်းဆက်ဆံရာတွင် အပြန်အလှန် လေးစားမှု နားလည်မှုရှိစေရန်လိုအပ်ကြောင်းစသည့် အပြုသဘောဆောင်သော ဆုံးမသွန်သင်ခြင်း အကြာင်း အရာများအား ပြောကြားခဲ့သည်။
၄င်းနောက် တက်ရောက်လာကြသော ဆရာ/မများနှင့် ဧည့်သည်တော်များက မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားခြင်းများပြုလုပ်ခဲ့ကြပြီး၊ စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူခြင်းများပြုလုပ်ခဲ့ကြသည်။
ထူးဝေယံ(ပြန်/ဆက်)


