လေရှီး ၅ သြဂုတ်


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးများ ကာယ၊ ဉာဏ်ဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မူလတန်းကျောင်းများသို့ မဝင်ရောက်မီ အသက်(၃)နှစ်မှ (၅)နှစ်အတွင်း ကလေးသူငယ်များကို ကြိုတင်ပြုစုပြိုးထောင်နိုင်ရန် ရည်ရွယ်၍  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သည့် ရှေးဦး အရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခပေး) ECCD သင်တန်းကို ယနေ့ နံနက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် လေရှီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလှဆိုင်းက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 


အဆိုပါသင်တန်းကာလကို သြဂုတ်လ (၅) ရက်နေ့မှ သြဂုတ်လ (၂၅) ရက်နေ့ထိ လေရှီးမြို့နယ် အတွင်းမှ သင်တန်းသား၊ သင်တန်းသူ(၅၀)ကျော် တက်ရောက်မည်ဖြစ်ပြီး သင်တန်းကြေး တစ်ဦးလျှင် ကျပ်နှစ်သောင်းခွဲပေးသွင်းပြီး တက်ရောက်ရမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦး စီးဌာနရုံးမှ ဒေါ်မာမာမြင့် လူမှု(၄)က သင်တန်းနည်းပြအဖြစ် စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


စနေမောင်(ခန္တီး)