နေပြည်တော် ၅ သြဂုတ်
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ အားလုံးပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် ၉ နာရီ ခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု (၅)မှု ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူး အယူခံမှု (၁၃) မှုကို ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


