နေပြည်တော်  ၅  သြဂုတ်

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြို့နယ် (၈)မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မီးသတ်ဦးစီးမှူးရုံး၊ ဗဟိုမီးသတ်စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

2

 

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် မီးသတ်ဦးစီးမှူးရုံးအောက်ရှိ မြို့နယ် (၈)မြို့နယ်ရှိ မီးသတ်စခန်း အသီးသီးမှ တပ်ဖွဲ့ဝင် (၇၂)ဦးတို့က အုပ်စုလိုက် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲ၊ Road Accident (ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု)၊ တစ်ဦးချင်းအလိုက် မီးငြှိမ်းသတ်ရေးဝတ်စုံ ဝတ်ဆင်ခြင်း၊ အသက်ရှုကိရိယာ ဝတ်ဆင်ခြင်း၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ရေး ပစ္စည်းများ ခင်ကျင်းခြင်းတို့ကို အဖွဲ့လိုက်ဖြင့်လည်းကောင်း၊ တစ်ဦးချင်းဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိကြသည့် မြို့နယ်များအား မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။

 

ပြည်သူလူထုများအား မီးဘေး၊ သဘာဝဘေး အန္တရာယ်များနှင့် တွေ့ကြုံလာသည့်အခါ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ပိုမိုကြံ့ခိုင်ပြီး စွမ်းရည်ပြည့်ဝသည့် လူ၊ ပစ္စည်းများ၏ စွမ်းအားကို အသုံးပြုကာ အပြည့်အဝ ကူညီကယ်ဆယ် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၏ တစ်ဦးချင်း စွမ်းဆောင်ရည် မြင့်မားရေးနှင့် လျင်မြန်သွက်လက်ရေး ပိုမိုတိုးတက်လာစေရန် ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

(ရွှေကုက္ကို)