ထီးလင်း  ၅ ဩဂုတ်


ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၌ မွေးကင်းစ (၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးပေးခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက ထီးလင်းမြို့ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ ဆောင်ရွက်ရာတွင် (ဘီစီဂျီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ပိုလီယို ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်နှင့် ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ကလေးများ၏ အသက်၊ အရွယ် အပိုင်းအခြားအလိုက် စုစုပေါင်း ကလေးငယ် (၆၁) ဦးအား ဆေးတိုက်၊ ဆေးထိုးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှမောင် (ပြန်/ဆက်)