နေပြည်တော် ၅ ဩဂုတ် 


ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)၏ အမှုဆောင်ကော်မတီဝင် ဦးအောင်မျိုးကျော်နှင့်အဖွဲ့အား ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေနှင့်ပတ်သက်သည့် ဥပဒေရေးရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြ၍ ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။ 


(သတင်းစဉ်)