သြဂုတ် ၅ ရက်


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွင်း ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွင်နှင့် အထူးကုန်စည်ခွန် အများဆုံးထမ်းဆောင်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များအားမှတ်တမ်းတင်ဂုဏ်ပြုလွှာ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ် ၅ ရက်၊ နံနက်(၉)နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

 

1

 

 

အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားခဲ့သည်။ 


ထို့နောက် ဝန်ကြီးချုပ် က ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်မှ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အထိ (၇)နှစ်ဆက်တိုက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ၊ အခွန်ထမ်း ဦးအောင်ကိုဝင်းအား မှတ်တမ်းတင်ဂုဏ်
ပြုဆုနှင့်ဂုဏ်ပြုလွှာ၊ တစ်နိုင်ငံလုံးတွင် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သော မြန်မာကုမ္ပဏီ(၁၀)ခု၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သော မြန်မာကုမ္ပဏီ(၁၀)ခုနှင့် အထူးကုန်စည်ခွန် အများဆုံး ထမ်းဆောင်ခဲ့သော မြန်မာကုမ္ပဏီ(၁၀)ခုတို့အားမှတ်တမ်းတင် ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ တရားသူကြီးချုပ် ဦးလှအေး ၊ လွှတ်တော် ဒုတိယ
ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများကတစ်နိုင်ငံလုံးတွင် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သော နိုင်ငံခြားကုမ္ပဏီ(၁၅)ခု၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သော နိုင်ငံခြားကုမ္ပဏီ(၁၅)ခုနှင့် အထူးကုန်စည်ခွန် အများဆုံး ထမ်းဆောင်ခဲ့သော နိုင်ငံခြားကုမ္ပဏီ(၉)ခု၊ မြန်မာတစ်နိုင်ငံလုံးနှင့် ရန်ကုန်တိုင်းဒေသကြီး အဆင့် တို့တွင် သက်ဆိုင်ရာ ရုံးအလိုက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သော မြန်မာကုမ္ပဏီများ၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သော မြန်မာကုမ္ပဏီများ၊ အထူးကုန်စည်ခွန် အများဆုံး ထမ်းဆောင်ခဲ့သော မြန်မာကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဆန်းကျော်ဦး (ပြန်/ဆက်)